ကျိုက်ထီးရိုးဆံတော်ရှင် တည်ထားကိုးကွယ်သည့် သမိုင်းကို ပြောရလျှင်
သိကြားမင်းသည် ရသေ့ကြီးဦးခေါင်းနှင့် တူသော ကျောက်တုံးကို ရှာဖွေကာ
သန်လျက်နှင့် ထွင်း၍ ဆံတော်တစ်ဆူကို ဌာပနာခဲ့လေသည်။ မွန်ဘာသာဖြင့် ကျိုက်အိသိရိုး၊ မြန်မာဘာသာဖြင့် ရသေ့ရွက်သော ဘုရားဟုခေါ်၏။
စေတီတော်တည်ထားပုံ
ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်သည်။ ကျိုက်ထီးရိုးစေတီကို အစွဲပြု၍ စေတီတော်တည်ရှိရာတောင်ကို ကျိုက်ထီးရိုးတောင်ဟုခေါ်ကြသ
စေတီတော် တည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေသောကြောင့
စစ်ကဲကြီး ဦးရွှေနော် ရေးသားသော မွန်ရာဇဝင်နှင့် စေတီတော် သမိုင်းပေါင်းချုပ်အရ ဖော်ပြပေးပါမည်။
ကျိုက်ထီးရိုးစေတီတော်သမိုင
မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် ၁၁၁ ခုနှစ် (၈) ၀ါသက်တော် (၄၃)နှစ်တွင် ဆောင်းဥတုတွင် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ရဟန္တာအရှင်ဂ၀ံပတိမထေရ်ပင့်ေ
မြန်မာနိုင်ငံသို့  ဒုတိယအကြိမ် သာသနာပြု ကြွလာချိန်တွင် သထုံဘုရင်
တိဿ ဓမ္မသီဟရာဇာမင်းနှင့် မှူးမတ်ပြည်သူအပေါင်းတို့က စံကျောင်းတော်မဏ္ဍပ်ကြီးကို ဆောက်လုပ်လှူဒါန်းကြသည်။
ဘုရားသခင်သည် ထိုမင်္ဂလာမဏ္ဍပ်တော်၌ ၇ ရက်တိုင်တိုင် စံနေတော်မူစဉ် များစွာသော ဝေနေယျသတ္တဝါတို့အား တရားတော် အမြိုက်ဆေး တိုက်ကျွေးတော်မူသည်။ ထိုအခါ ဂစ္ဆဂိရိ တောင်က တိဿ ကုမာရ ရသေ့၊ ဗန္ဓဝဂိရိ တောင်က သီဟကုမာရ ရသေ့၊ ကုသိနာရုံတောင်က ရသေ့၊ ဒိုးကမော့ခတွံဂလိုင်းတောင်က
နောက်နေ့ရက်များမကြာမီ မွတ်လအိတောင်က ကပ္ပရသေ့၊ မွတ်လအပ်တောင်က နာဒရ ရသေ့၊ ဝါဂရုနယ် လမိုင်း ကေလာသတောင်က ရသေ့၊ ကျိုက္ကမီတောင်က ရသေ့၊ ကော့ယက္ခဇုပ်သွတ် ကျွန်းက ဘီလူးညီနောင် ၂ယောက်၊ ဒိုးယွန်းတောင်က ရသေ့၊ ဆောင်ခဲတောင်က အလ္လကပ္ပရသေ့၊ ပေါင်းပုဂ္ဂိုလ် ၇ ဦးတို့ အဖူးအမြော်ရောက်ကြသဖြင့် အထက်အနည်းတူ ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့သည်။ တိဿ ဓမ္မသီဟရာဇာမင်းအားလည်း ဆံတော် ၂ဆူ ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။
ထိုဆံတော်များ ဌာပနာသွင်းကာ တည်ထားခဲ့သော မြတ်စေတီများကတော့
(၁) ကေလာသဆံတော်ရှင် (ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာ)
(၂) ကျိုက်ဒေယျုံဆံတော်ရှင် (ဘီးလင်းမြို့နယ်၊ တောင်စွန်းတိုက်နယ်)
(၃) ကျိုက်ထီးဆောင်းဆံတော်ရှင် (ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ)
(၄) ဇုက္ကလိဆံတော်ရှင် (ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာ)
(၅) ကုသိနာရုံဆံတော်ရှင် (ဘီးလင်းမြို့နယ်)
(၆) သက္ကထူပ ဆံတော်ရှင် (သထုံခရိုင်)
(၇) မဏိမေခလာထူပ ဆံတော်ရှင် တို့ အပြင် အခြားစေတီများလည်းရှိပါသေးသ
ဒိုးကမော့ခလွံဂလိုင်းတောင်က
ဗုဒ္ဓါဏရသေ့သည် ဆံတော်ဓာတ် ၃ဆူကို မပျောက်မပျက်ရအောင် မိမိ၏ ဆံကျစ်အတွင်း၌ စည်းနှောင်ထားလေ၏။ နောင်နှစ်ကာလ အတန်ကြာလတ်သော် အနာရောဂါနှိပ်စက်သဖြင့် ရသေ့ကြီးသည် အကယ်၍ မိမိကွယ်လွန်သွားခဲ့သော် ဆံတော်ဓာတ် ၃ဆူကို မည်သို့ မည်ပုံထားခဲ့ရမည်နည်းဟု တွေးတောပူပန်ခြင်း ဖြစ်မိလေသည်။ ထိုအခါ သိကြားမင်းသည် လူ့ပြည်ဆင်း၍ ရသေ့ကြီး၏ ဆန္ဒအတိုင်း ရသေ့ကြီးဦးခေါင်းနှင့် တူသော ကျောက်တုံးကို ရှာဖွေကာ ကျောက်တုံးထဲကို သန်လျက်နှင့် ထွင်း၍ ဆံတော်တစ်ဆူကို ဌာပနာခဲ့လေသည်။
ထိုသို့ ကျောက်တုံးပေါ်တွင် တည်ထားခဲ့သော စေတီတော်ကို မွန်ဘာသာဖြင့် ကျိုက်အိသိရိုး၊ မြန်မာဘာသာဖြင့် ရသေ့ရွက်သော ဘုရားဟုခေါ်၏။ နောင်ကာလကြာလတ်သော် ကျိုက်အိသိရိုးမှ ကျိုက်ထီးရိုးဟု ခေါ်တွင်လာလေသည်။ ကျန်ဆံတော် ၂ဆူကိုလည်း သိကြားမင်းက ဒိုးခလွန်တောင်နှင့် ကုသိနာရုံတောင်များတွင် အသီးသီးဌာပနာပေးခဲ့ကြောင်းက
ပထမအကြိမ် မဟာသက္ကရာဇ် (၁၀၄) ခုနှစ်ဒုတိယ၀ါသက်တော် (၃၆) နစ်တွင်
မြန်မာနိုင်ငံ ဖိုးဦးတောင်သို့  ကြွရောက်စဉ်က လူ ၊ ဘီလူး ၊နဂါးတို့ ကို
ဆံတော်များချီးမြှင့်ပြီး ပထမဆုံး သာသနာပြုခရီးစခဲ့ပါသည်။
ပြည်ရွှေဆံတော်အပါအ၀င် ဘုရားစေတီပေါင်းများစွာ ထွန်းကားခဲ့ပါသည် ။
တတိယအကြိမ်မှာ မဟာသက္ကရာဇ် (၁၁၃)ခုနှစ် (၁၀)၀ါ သက်တော်(၄၅)နှစ်တွင်မြတ်ဗုဒ
ကိုယ်စား ရုပ်ပွားတော် သွန်းလုပ်ပေးတော်မူခဲ့ရာ ကျောက်တော်မဟာမုနိ ၊
မန္တလေး မဟာမုနိ၊ ဇလွန်ပြည်တော်ပြန်မဟာမုနိ စသည့် ရုပ်ပွားတော်များကို
ထင်ထင်ရှားရှား ဖူးမြော်နိုင်၍ သာသနာတော်ကြီး ထွန်းကားခဲ့ပါသည် ။
စတ္တုထ အကြိမ်မှာ မဟာသက္ကရာဇ် (၁၂၃)ခုနှစ် ၀ါတော်(၂၀)သက်တော် (၅၅) နှစ်တွင် သုနာပရန္တတိုင်းသို့မြတ်ဗုဒ္ဓသည်စတု
သာသနာပြုကြွချီ၍ စူဠမုတိစ္ဆညီနောင် စသည်တို့ ကို ကိုးကွယ်ကြည်ညိုရန် ခြေတော်ရာချပြီး ပဒစေတီ အဖြစ် မင်းဘူးရွှေစက်တော်ဘုရားများ
ပဉ္စမ အကြိမ်မြောက် မဟာသက္ကရာဇ်(၁၃၆)ခုနှစ်ဝါတော
ထင်ရှားကိုးကွယ် ခွင့်ရစေပါသည်။
ယနေ့ခေတ်အမြင်
ကျိုက်ထီးရို ရင်ပြင်တော်မှ မြင်ရသော ရှုမျှော်ခင်းမှာ အလွန်သာယာသည်။ အနောက်ဘက်သို့ မျှော်ကြည့်လျှင် စစ်တောင်းမြစ်ကို ကျော်လွန်၍ ပဲခူးရွှေမော်ဓော စေတီတော်ကို ဖူးမြင်နိုင်သည်။ ကျိုက်ထီးရိုးစေတီတော်သို့ တက်ရန် လမ်း ၂သွယ် ရှိသည်။ တစ်သွယ်မှာ စစ်တောင်းရွာမှ တက်ရသော လမ်းဖြစ်၍ ကျန်တစ်သွယ်မှာ ကျိုက်ထိုမြို့မှ မော်တော်ကားဖြင့် ၉မိုင်ခန့် ဝေးသော ကင်မွန်းစခန်းမှ တက်ရသော လမ်းဖြစ်သည်။ ဒုတိယလမ်းမှာ ယနေ့ခေတ် ဘုရားဖူးများ အသုံးပြုသော လမ်းဖြစ်သည်။ ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးရင်ပြင်တော်အထ
ကျိုက်ထီးရိုးဘုရားပွဲတော်က
ဘုရားဖူးများသည် နားနားနေနေ တက်ရောက်လေ့ရှိသည်။ အသက်အရွယ်ကြီးရင့်သူများနှင
ကမ္ဘာ့အံ့ဖွယ် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ထူးခြားဆန်းကြယ်မှုနှင့်သိပ္ပ
တိုင်းတာတွေ့ ရှိချက်
(၁) ကျောက်လုံးတော်ကြီး၏ ကျောက်အမျိုးအစား - ဂရက်နိုက် (Granite)
(၂) တစ်ယူနစ်အလေးချိန် (Unit Weight) - 2.5 Ton/m3 (156 pcf)
(၃) ထုထည် - 244.58m3 (8636 cft)
(၄) အလေးချိန် - 611.45 Ton
(၅) အလေးချိန်ဗဟိုချက် (Centroid) - 0.14m, 0.13m, 4.00m
(၆) နေရာ (x, y, z) - 5.5”, 5.1”, 13'1.5”
(အောက်ခံကျောက်တုံးနှင့် ထိစပ်နေသော ဧရိယာ၏ ဗဟိုချက် Area Centriod
ကို Origin အဖြစ်ယူထားသည်။)
(၇) အမြင့် - 8.15m ( 26'-9” ) (အနိမ့်ဆုံးနေရာမှ အမြင့်ဆုံးနေရာထိ)
(၈) ကျောက်လုံးတော်ကြီး၏ အောက်ခံ ကျောက်တုံးကြီးနှင့် ထိစပ်နေသော
ဧရိယာ - 0.714m3 (7.69 sp.ft)
(၉) အောက်ခံကျောက်တုံးကြီးနှင့်
လည်ပတ်ဝင်ရိုး (Axis of Rotation) မှ ကျောက်လုံးတော် ချောက်ဖက်သို့ 
စွန်းထွက်နေသော အများဆုံးအကွာအဝေး - 3.136m ( 10'-3” )
သုံးသပ်ချက်များ
(၁) ကျောက်လုံးတော်ကြီး တည်ငြိမ်နေခြင်းမှာ ကျောက်လုံးတော်ကြီးနှင့် စေတီတော်၏ နှစ်ရပ်ပေါင်း အလေးချိန် ဗဟိုချက်သည် အောက်ခြေရှိ ထိစပ်နေသော ဧရိယာ(Contact Area) အတွင်းကျ ရောက်နေပြီး လည်ပတ်ဝင်ရိုး (Axis of Rotation)၏အတွင်းဘက်တွင်လည်
(၂) ထိစပ်နေသောဧရိယာ (Contact Area) သည် ကျော်လုံးတော်ကြီး အပေါ်စီးကြည့်ဧရိယာ (Plan Area)၏ (1.4 %) သာရှိသည်ကို တွေ့ ရသည်။
အလွန်သေးငယ်သော ဧရိယာပေါ်တွင် တည်ငြိမ်စွာ တင်နေခြင်း ဖြစ်ပါသည်။
(၃) ဘေးတိုက်အင်အား (Lateral Force) (46.6 ton) ဖြင့် နှစ်ရပ်ပေါင်း
အလေးချိန် ဗဟိုချက် ( Centroid of Rock and Stupa) နေရာတည့်တည့်မှ
ချောက်ဘက်သို့  တွန်းပါက ကျောက်လုံးတော်ကြီး၏ တည်ငြိမ်မှု ပျက်ပြားသွားနိုင်စရာရှိကြေ
အဆိုပါ အင်အားသည် ကျောက်လုံးတော်ကြီးနှင့်စေတ
(6.5 ton) ထက်မပိုကြောင်း တွေ့ ရပါသည်။ ထို့ ကြောင့် လေပြင်းဒဏ်ကို
စိုးရိမ်စရာမရှိဘဲ မကြုံ စဖူး အလွန်ကြီးမားသောငလျှင်နှင့်
(၄) ကျောက်လုံးတော်ကြီး၏ အလေးချိန်မှာ (611.45 ton) ဖြစ်ပြီး စေတီတော်၏အလေးချိန်မှာ (19.45 ton) သာဖြစ်သဖြင့် စေတီတော်၏ အလေးချိန်သည်နှစ်ရပ်ပေါင်း အလေးချိန်၏ (3.1%) သာရှိသည်ကို တွေ့ ရပါသည်။
ထို့ ကြောင့် စေတီတော်၏ အလေးချိန်သည် စံနစ်တစ်ခုလုံး၏ တည်ငြိမ်မှုကို
အနည်းငယ်သာ ထိခိုက်စေနိုင်ပါသည်။
(၅) စေတီတော်၏ အလေးချိန်ဗဟိုချက် (Centroid) သည် ကျောက်လုံးတော်
အောက်ခြေရှိ ထိစပ်နေသော ဧရိယာ (Contact Area)၏ လည်ပတ်ဝင်ရိုး
(Axis of Rotation) အပြင်ဘက် (ချောက်ဘက်)တွင် မသက်ရောက်ဘဲ ဝင်ရိုး၏အတွင်းဘက်တွင်သာ သက်ရောက်သဖြင့် စေတီတော်ကြီး၏ အလေးချိန်များလာခြင်းသည် ကျောက်လုံးတော်ကြီး၏ တည်ငြိမ်မှုကို Under Gravity Load Conditionတွင် အနှောက်အယှက် မဖြစ်စေကြောင်းတွေ့ ရသည်။
သို့ ရာတွင် နှစ်ရပ်ပေါင်းအလေးချိန် ဗဟိုချက် ( centroid of Rock and stupa) သည် ကျောက်လုံးတော်ကြီးတစ်ခုတည်
(၆) ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ် တည်ထားသော အလွန်ထူးခြား
အံ့သြဖွယ် ဖြစ်တည်လျှက်ရှိသည့် ဤမျှကြီးမားသော ကျောက်လုံးတော်ကြီး၏
တည်ငြိမ်နေရခြင်း အကြောင်းရင်းကို ခေတ်မီကရိယာများ အသုံးပြု၍
အင်ဂျင်နီယာ နည်းပညာရှုထောင့်မှ လေ့လာစူးစမ်း တွက်ချက်တင်ပြခြင်းဖြစ်ပါသည
ကျောက်လုံးတော်ကြီး တည်ငြိမ်နေရခြင်း အကြောင်းရင်းကို သိပ္ပံနည်းကျကျ
အနီးစပ်ဆုံး ရှင်းလင်းဖော်ပြနိုင်ပြီး ဖြစ်ပါသည်။ သို့သော် အဘယ့်ကြောင့် ဤကဲ့သို့ထူးဆန်းစွာ ဖြစ်တည်နေသည်ဆိုသည်ကိုမူ ဤလေ့လာချက်မှ ရှင်းပြနိုင်ခြင်း မရှိပါ။အံ့သြဖွယ်ရာ တစ်ရပ်အဖြစ် အစဉ်အမြဲ တည်ရှိနေမည်သာ ဖြစ်ပါသည်။
စေတီတော်ကြီးအား သုတေသနပြုလုပ်ခဲ့သော ပညာရှင်များအဖွဲ့ 
ပါမောက္ခ ဦးညီလှငယ် (ဒု-ဝန်ကြီး) မှနာယက အဖြစ်ဆောင်ရွက်၍
(၁) ဦးစန်းကြူ (ကထိက) မြို့ ပြအင်ဂျင်နီယာဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်
(၂) ဦးစိုးပိုင် (ဦးစီးအရာရှိ) ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပို့ ဆောင်ရေးဝန်ကြီးဌာန။
(၃) ဦးစောထွေးဇော် - Chief Enginner - Concordia Internatoinal Limited
(၄) ဦးမျိုးညွန့်  - Chief Surveyor - Concordia International Limited
(၅) ဦးမျိုးမင်းမင်းလွင် - Surveyor - Concordia International Limited
(၆) ဦးတင်အောင်စိုး - Enginner - ရန် ကုန်နည်းပညာတက္ကသိုလ်
(၇) ဦးကျော်ကျော်ခိုင် - Enginner - ရန်ကုန်နည်းပညာတက္ကသိုလ်
(၈) ဦးသန်းစိုး - Enginner - ရန်ကုန်နည်းပညာတက္ကသိုလ်
လေ့လာတိုင်းထွာခြင်းကာလကို 25 January 2001 မှ 28 January 2001 ထိ ၄ ရက်တိုင်းတာခဲ့ပါသည်။ တိုင်းထွာရာတွင် အသုံးပြုခဲ့သော အထောက်အကူပြု ပစ္စည်းများမှာ
Topcon Pulse Total Station GPE 1002
Topcon Auto Level ATG 3
Computer program - Civil CAD Software (Version 5.5) &
Auto CAD Software (version 2000)များ ဖြစ်ပါသည်။
မိဘပြည်သူများ ကြည်ညိုနိုင်ရန် ပြန်လည်တင်ပြ










No comments:
Post a Comment