ထိပ်ထား

Blogger Widgets

Wednesday, February 8, 2017

ထိပ်ထားဘုရားဖူးပို့ဆောင်ရေးနှင့် မော်တင်စွန်း သမိုင်း

















တပို့တွဲလပြည့်မှ တပေါင်းလပြည့်နေ့အထိ
ဗုဒ္ဓပူဇနိယဘုရားပွဲတော်ရှိပါသဖြင့်
မိဘပြည်သူများ လူကြီးမင်းတို့
ထိပ်ထားလေးနဲ့ ပုသိမ် မော်တင်စွန်းဘုရား
သွားချင်ပါသလား?

မွန်တိုင်းပြည်အားလုံးကိုသိမ်းကြုံးလွှမ်းမိုး
အလွန်တရာဘုန်းတန်ခိုးကြီးမြတ်သော
ဥက္ကလာပ နာမထင်ရှား
မင်းတရားကြီးလက်ထက်တော်အခါတွင် 

ထိုမင်းတရားကြီး၏ပိုင်နက်မြေဖြစ်သော
ပေါက်ခရဝတီသဉ္ဇာမြို့နေသုဝနသူဌေးကြီး၏
သားများဖြစ်သောတပုဿနှင့်ဘလ္လိကညီနှေင်နှစ်ဦးသည်

မဇ္ဈိမဒေသ၌ ဆန်တစ်တုံလျှင်ငွေတစ်တုံရဟုကြားသဖြင့်
ဆန်တို့ကို သင်္ဘော ဖြစ်သယ်ဆောင်၍
ပင်လယ်ကိုဖြတ်ကျော်၍ မဇ္ဈိမအရပ်သို ထွက်ကြလေသည်


မဇ္ဈိမဆိပ်ကမ်းသို့ရောက်သော်လှည်းများဌားယူ၍

ရေပြင်ခရီးမှမြေပြင်ခရီးသို့ဆက်ကြပြီးဆန်းများကို
လှည့်လည်ရောင်းချကြလေသည်
 

ထိုအချိန်အခါကဘုရားရှင်သည် လင်းလွန်းပင်ရှေရင်း၌
သီတင်းသုံးတော်မူနေစဉ် ကုန်သယ်ညီနောင်တို့သည်
ဘုရားရှင်အား ဖူးတွေ့ရသဖြင့်လွန်စွာဝမ်းသာပီတိဖြစ်၍
ပါလာသော မုန့်ဆွမ်းများကိုသနားသောအားဖြင့်
အလှူခံပါရန် ဘုရားရှင်အားတောင်းပန်လျှောက်ထားလေသည် 



ဘုရားရှင်သည်ညီနောင်နှစ်ပါး၏ပါရမီကိုရှေးရူ၍မုန့်ဆွမ်းများကို
အလှူခံတော်မူလေသေ ညီနောင်နှစ်ပါး ပြန်ခါနီးအချိန်တွင်

ဘုရားရှင်ဦးခေါင်းတော်ကို သပ်လိုက်လျှင်ဆံတော်(၈)ဆုလက်တော်၌
ကပ်ပါလာလေသည် ဘုရားရှင်သည် ဆံတော်(၈)ကို
ညီနောင်၂ပါးအားပေးသနား၍ကောင်းသည့်အရပ်၌
ဓာပနာထဲ့တည်ထားကိုးကွယ်ရန် ပေးသနားလိုက်လေသည်

ကုန်သယ်ညီနောင်တို့သည်ဆံတော်(၈)ဆူရ၍

လွန်စွာပျော်ရွှင်ကြလေသည် ဆံတော်(၈)ကိုပင်ဆောင့်၌
နေရပ်ဌာနေသို့ပြန်ဖို့စီစဉ်ကြလေသည် 

မဇ္ဈိမဆိပ်ကပ်သို့ရောက်သော်အခါဝယ် ဆံတော်မြတ်တို့၏
တန်ခိုးတော်များကွန့်မြူးးကြရာ အဇ္ဈိနဂရဘုရင်က 
ဆံတော်မြတ်၂ဆူအား နေ့ညမပြတ်ကိုးကွယ်ထားရန်
ဆိပ်ကမ်းအခွန်ကြေးကောက်ယူတော်မူလေသည်

ကုန်သယ်ညီနောင်၂ဦးသည် လွန်စွာဝမ်းကြေကွဲစွာငိုးကြွေးလျှက် 

မဟာသက္ကရာဇ်(၁၀၃) ခုနှစ်ဝါဆိုလဆန်း (၁၁)ရက်နေ့တွင်
ပုသိမ်တောင်ပိုင်းကုသိမနဂရ၏တောင်ပိုင်း နာဂရာဇ်မှော် (ခေါ်)
မော်တင်စွန်းအရပ်သို့ ရောက်ရှိလာခဲ့ကြလေသည်

မော်တင်စွန်းသရနတောင်အငူစွန်းသို့အရောက်လျှင် 

ဆံတော်ရှင်ဓတ်တော်များမှာ တလျှပ်လျှပ်
တရိပ်ရိပ် တဖိတ်ဖိတ် တငြီးငြီးမကုန်နိုင်ဖွယ် အသွယ်သွယ်သော 

တန်ခိုးပြာဋိများကိုပြတော်မူကုန်လေသဖြင့် တောတောင် 
သမုဒ္ဒရာစောင်နတ်များနှင့်တောင်ခြေနဂါးတို့
ဝမ်းသာအားရဖူးခွင်ရကြလေသည်
 

နဂါးတို့၏ဘုရင်ဇေယျသေန နဂါးမင်းသည်
ဆံတော်များကိုလွန်စွာကြည်ညိုလွန်း၍
လူနတ်သတ္တဝါများဖူးမျှော်ကြနိုင်စေရန် 
ဆံတော်မြတ်(၂)ဆူကိုပင့်ဆောင်ထားခဲ့လေသည်
 

ဇေယျသေန နဂါးမင်သည်ဆံတော်(၂)အား ရေအောက်တွင် 
ဓာပနာထားစေတီတည်ပါက ရေသတ္တဝါများသာဖူးမျှော်ခွင့်ရမှာမို့
ကုန်မြေ၍တည်ပါက လူနတ်ဗြဟ္မာသတ္တဝါ
အားလုံးဖူးမြော်ရမှာမို့ ရှေးခေါ်သရနတောင်
 

ယခုအခေါ် မော်တင်တောင်အနီးတွင်ဆံတော်(၂)ကို
ပင့်ဆောင်လျှက် ဤဆံတော်မြတ်ကိုဓာပနာထားတည်ထား
ကိုးကွယ်ရန် သင့်တော်သော်နေရာသို့ နတ်များမှပြသပေးပါရန်
အဓိဌာန်လိုက်လေသည်
 

နတ်များပြသသောနေရာသည် 
ယခုမြတ်မော်တင်စွန်းတည်ထားရာနေရာဖြစ်သဖြင့် 
နဂါးမင်းသည် နတ် နဂါး ဆင်ဖြူတော်အပေါင်း
ခြံရံလျှက် သမုဒ္ဒရာအတွင်းမှရသော

မြသားရတနာများဖြင့် ယခင်ခေါ်သရနတောင်
 

ယခုအခေါ်မော်တင်တောင်ထိပ်ထွင် 
ဆိုင်တမော့အရွယ်စေတီတော်အား 
မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ဝါဆိုလပြည့်နေတွင်
ဆိုင်တမော့အရွယ်စေတီတော်အား ဆံတော်ရှင်(၂)
ဆူဖြင့်တည်ထားကိုးကွယ်ခဲ့လေသည်

1 comment: